အင်းလေး ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ၃ နှစ်မြောက်အဖြစ် ဒေသစာရီကြွချီ အပူဇော်ခံတော့မည် မဟုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေး ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ၃ နှစ်မြောက်အဖြစ် ဒေသစာရီကြွချီ အပူဇော်ခံတော့မည် မဟုတ်

.

ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခု ဖြစ်သည့် အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်များ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခြင်းကို ယခုနှစ် ၂၀၂၂ (၁၃၈၄ ခုနှစ်)တွင်လည်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

.

.

အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်များသည် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့သလို ၂၀၂၁ (၁၃၈၃) ခုနှစ်တွင်လည်း ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

.

၂၀၂၀ ပြည့်မှ စတင်၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ရောဂါကြောင့် အင်းလေး ဖောင်တော် ဦး ဘုရား ပွဲတော် မကျင်းပ ဖြစ်သည်မှာ ယခု ၂၀၂၂ ခုနှစ်အထိ ၃ နှစ်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

.

အင်းသားတိုင်းရင်းသားတို့၏ လှေလှော်ပြိုင်ပွဲကိုလည်း ၂၀၂၀ ပြည့်နှစ်၊ COVID-19 ရောဂါဖြစ်ပွားကတည်းက ကျင်းပ နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

.

အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲသည် အင်းလေးဒေသ၏ အထိမ်းအမှတ် သင်္ကေတ လက္ခဏာ တစ်ရပ်ဖြစ်ပြီး အင်းလေးဒေသ၏ အထွဋ်အမြတ်ပွဲတော် တစ်ခုလည်း ဖြစ်ကာ ပွဲတော် ကျင်းပနေသည့် ကာလအတွင်း ညောင်ရွှေမြို့နှင့် အင်းလေးဒေသ တစ်ဝိုက်တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ နိုင်ငံခြားသား ဧည့်သည်များဖြင့် အထူး စည်ကားကြောင်း သိရသည်။

.

အင်းလေးကန်ဒေသရှိ ဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှု တစ်ခု အဖြစ်သာမက ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

.

အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ၁၃၁၁ (၁၉၄၉) ခုနှစ်၊ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားစဉ်က လည်းကောင်း၊ ၁၃၅၀ (၁၉၈၈) ခုနှစ်ကလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်က လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်းကောင်း ဒေသစာရီကြွချီပူဇော်မှု မပြုနိုင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats