တောင်ကြီး အပါအဝင် ရှမ်းတောင်ရှိ မြို့အချို့တွင် ကိုယ်ပိုင်ကျောင်း တည်ထောင်သူများကို စစ်ကောင်စီက ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်းနေကြောင်း သိရသည်။
.
" ခံဝန်က ၂ မျိုး။ ကိုယ်ပိုင်ကျောင်းတွေကို ကြပ်လာတာ။ CDM တွေကို ကျောင်းမှာ မခန့်ဖို့၊ မထားဖို့၊ သူတို့က သစ္စာ စောင့်သိဖို့ ဘာညာပေါ့။ CDM ကျောင်းသားတွေကိုရောပဲ။ " ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
ဝန်ခံကတိ စာချုပ် ပထမ တစ်စောင်တွင် ကျောင်းတည်ထောင်သူများ ပါတီနိုင်ငံရေး ကင်းရှင်ရန်၊ နိုင်ငံရေးဟောပြောပွဲများတွင် ပါဝင်ခြင်း မပြုရန်၊ နိုင်ငံတော်၏အကျိုးကို ထိခိုက်စေသော အကြောင်းအရာများ သင်ကြားခြင်း၊ အသိပညာပေးခြင်းတို့ကို မပြုလုပ်ရန်၊ အစိုးရကို သစ္စာ စောင့်သိရန်၊ CDM ဆရာများအား ခန့်ထားခြင်း မပြုရန်ဟု ပါရှိပြီး ဖောက်ဖျက်ပါက ကျောင်းပိတ်သိမ်းမည် ဖြစ်ကာ ဥပဒေအရ အရေးယူခံရမည်ဟု ပါရှိသည်။
.
ဒုတိယ တစ်စောင်တွင်မူ မူလအချက်မျ အပါအဝင် NUG နှင့် မဆက်သွယ်ရန်၊ Kaung For You နှင့် မပတ်သတ်ရန်၊ သတ်မှတ် သင်ရိုးအတိုင်း သင်ကြားရန်နှင့် မလိုက်နာပါက တည်ဆဲဥပဒေအရအရေးယူခံရမည် ဖြစ်ကြောင်း ပါရှိသည်။