ညောင်ရွှေမြို့နယ်တွင် ရဲကို ကျပ်သိန်း ရာနှင့်ချီ ပေး၍ လောင်းကစားဝိုင်း ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့နယ်တွင် ရဲကို ကျပ်သိန်း ရာနှင့်ချီ ပေး၍ လောင်းကစားဝိုင်း ပြုလုပ်နေ


ညောင်ရွှေမြို့နယ်၊ ကံကောင်းကျေးရွာ၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့အား ကျပ်သိန်း ရာနှင့်ချီ ပေး၍ လောင်းကစား ဝိုင်းများ ပြုလုပ်ထားသည်ဟု သိရသည်။

.

" ညောင်ရွှေမြို့နယ်ထဲက‌ နန်းသီတာ ကံကောင်းကန် သွားလမ်းမှာ လုပ်ထားတာ။ ၂ လလောက်ရှိပြီ လုပ်နေတာ။ လောင်းကစားက အပျော် လုပ်တာမျိုး မဟုတ်ဘူး၊ အကြီးကြီးပဲ။ ဂျင်ဝိုင်းကို အကြီးကျယ် လုပ်နေတာ။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ တရားမဝင် လောင်းကစားဝိုင်းအား ကာလရှည်ကြာ ပြုလုပ်နေသဖြင့် ဒေသခံ ပြည်သူများမှာ စီးပွားပျက်‌နေကြရသည့် အပြင် ခိုးဆိုးနှိုက်များလည်း များလာနေကြောင်း သိရသည်။

.

" လောင်းကစားဝိုင်းကို လာသမျှ ရဲက လိုင်းကြေး ယူပြန်နေကြတာ မြင်မကောင်းဘူး။ ပြည်သူတွေ မွဲသထက် မွဲ။ ဒုက္ခတွေ မျက်စိရှေ့ မြင်နေရတာ။ မတိုင်ရဲကြလို့ ငြိမ်နေကြရတာပါ။ ရဲက အဲဒါကို မသိချင်ယောင် ဆောင်‌နေတာ။ ရဲက မသိဘူး၊ မကြားမိဘူး ဆိုကတည်းက စားထားတာ အရှင်းကြီးပါ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ လောင်းကစားဝိုင်းအား ပြုလုပ်သူမှာ ဦးမိုးကျော်ဆိုသူ ဖြစ်ပြီး "တိုင်ချင်ရာ တိုင် အေးဆေးပဲ ရရင်တိုင်ပေါ့" ဟု ဒေသခံများအား ခြိမ်းခြောက်ပြောဆိုကြောင်းလည်း သိရသည်။

.

အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူများ နိုင်ငံရေးအား စိတ်မဝင်စားစေရန်အတွက် သော်လည်းကောင်း၊ ခေတ်ပျက်ကာလတွင် ငွေ ရှာရန်အတွက် သော်လည်းကောင်း ရှမ်းပြည်တောင်ပိုင်းတွင် လောင်းကစားဝိုင်းများအား မသိကျိုးကျွံပြုကာ လာဘ်ငွေ ရယူကာ ခွင့်ပြုထားခြင်း ဖြစ်သည်။

.

Link – https://youtu.be/bI0POnjbNGI

Journal Download

Photo of three cats