.
စစ်ကိုင်းတိုင်း၊ တောင်ကြားကျေးရွာတွင် ဩဂုတ်လ ၂၉ ရက်က စစ်ကောင်စီတပ်များမှ
မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
.အဆိုပါ တောင်ကြားကျေးရွာအနီးတွင် ဩဂုတ်လ ၂၈ ရက်က စစ်ကောင်စီတပ်နှင့်
ပြည်သူ့ကာကွယ်ရေးတပ်များ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂
ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
.
တောင်ကြားကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည်
လက်ရှိတွင် တောင်မြို့သို့ ရောက်ရရှိနေပြီး ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း
သိရသည်။
.