.
.
တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး
စာသင်တိုက် ဦးစီးပဓာနနာယက၊ အေးသာယာမြို့၊ ကျောင်းထိုင်ဘုန်းတော် ကြီးသင်တန်းကျောင်း၊
ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တ ကောသိယ (နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ
ဂန္တဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) ၏ အန္တိမဈာပနကို ယနေ့ ဩဂုတ်လ ၂၅ ရက်၊ နေ့လယ်ပိုင်းက
တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
ဆရာတော်သည် သက်တော်
၇၉ နှစ်၊ သိက္ခာဝါတော် ၅၉ ဝါ ရှိပြီဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်၊ ညပိုင်းက ပျံလွန်တော် မူခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဆရာတော် သက်ရှိထင်ရှားရှိစဉ်က
ပထမတောင်ကျောင်းကြီး စာသင်တိုက်တွင် ၁၅ နှစ်တိုင် ပဓာနနာယကဆရာတော် အဖြစ် သာသနာ့တာဝန်ကို
ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
.