ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်တွင် ထီးသပိတ် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်တွင် ထီးသပိတ် ပြုလုပ်

.

ယနေ့ကျရောက်သော ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၄ နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော ဆူးလေ လူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ဘောင်နှင့် လှည်းတန်းနေရာအနှံ့အပြားတွင် '' လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

မြန်မာပြည်သူပြည်သား လူထုလူတန်းစားတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသော '' လေးလုံး အရေးတော်ပုံကြီးမှသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေး အထိ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ မပြီးဆုံးသေးပဲ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

.

ဖက်ဆစ်စစ်တပ်ကို အမြစ်ပါမကျန် ရှင်းလင်းရန် လူထု လူတန်းစားတရပ်လုံး အတူတူ ပုန်ကုန်တော်လှန်ရေး ရန်ကုန်လူထုသပိတ်မှ တပ်လှန့်နှိုးဆော်အပ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

.

Photo - ရန်ကုန်လူထုသပိတ်

.

Journal Download

Photo of three cats