ဖယ်ခုံမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း တစ်ခုတွင် ယမန်နေ့ သြဂုတ်လ ၁၂ ရက်က မိုးရာသီ အားကစား ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြိုင်ပွဲကို ကျောင်းသားမိဘများနှင့် လူထု အခြေပြု အခြေခံကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်များ စိတ်ပျော်ရွှင်မှု ရရှိစေရန်နှင့် လူ့အခွင့်အရေးများ မဆုံးရှုံးစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ကျောင်းသားများ၊ ကလေးငယ်များ အပါအဝင် ဒေသခံ ပြည်သူ အများအပြားသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။