​​​​ဖရူဆိုမြို့နယ်၌ နှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်၊ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​ဖရူဆိုမြို့နယ်၌ နှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်၊ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံး


ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဩဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်၊ နှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ‌ဦးခန့် သေဆုံးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် က ယနေ့တွင် ထုတ်ပြန်သည်။

.

ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာ၌ အင်အား ၂၀၀ ဝန်းကျင် ရှိသော စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ အလယ်ပိုင်းတိုင်း(၁၁၀၆)တပ်ရင်း တို့ ပါဝင်သည့် ပူးပေါင်းတပ်တို့ သြဂုတ်လ ၂၄ ရက်၊ ညနေပိုင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအချို့ ရှိခဲ့ကြောင်း သိရသည်။

.

ထို့အတူ သြဂုတ်လ ၂၅ ရက်နေ့တွင်လည်း ငွေတောင်ရွာသစ်ကျေးရွာတွင်ပင် ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦးခန့် သေဆုံးခဲ့ပြီး အဆိုပါတိုက်ပွဲများ အတွင်း ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

.

အင်အား ၂၀၀ ဝန်းကျင် ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် သြဂုတ်လ ၂၀ ရက်မှ စတင်ကာ ဒီးမော့ဆိုမြို့နယ်၊ သဲတောင်၊ ခြေတော်ရာဘုရား နှင့် ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအတွင်း၌ စစ်ကြောင်း ဖြန့်ထားခြင်း ဖြစ်ကာ လက်ရှိတွင် ကဒါးလားတောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆို စသည့် နေရာများကို တပ်ဖြန့်ထားကြောင်း သိရသည်။

Journal Download

Photo of three cats