တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရ

.

တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီအရောင်းဆိုင်အချို့ ယနေ့ ဩဂုတ်လ ၈ ရက်က စက်သုံးဆီ ရောင်းချခြင်း မရှိတော့ သဖြင့် ရောင်းချပေးနေသည့် ဆိုင်များတွင် ဆီဝယ်ယူရန်အတွက် တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

.

.

ထိုသို့ ရောင်းချပေးနေသည့် ဆိုင်များတွင်လည်း စက်သုံးဆီကို လိုသလောက် ဝယ်ယူ၍မရဘဲ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၃၀၀၀ ဖိုးသာ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ဆီက နည်းနည်းလေး ဈေးကျရင် အဲလိုပဲလေ ဝယ်လို့မရတော့ဘူး။ ဆိုင်တော်တော်များများက ပိတ်ကုန်ပြီ။ အခု ဒီ ဆိုင်မှာ ရောင်းပေးတော့ တန်းစီနေကြရတာပေါ့” ဟု တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် ဆီ ဝယ်ရန် တန်းစီစောင့်ဆိုင်းနေသူတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချသည့် ဆိုင်အချို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းမှ စ၍ ဓါတ်ဆီ ပြတ်လပ်နေကာ ရောင်းချနိုင်ခြင်း မရှိတော့သဖြင့် ဆိုင်များပိတ်ထားရခြင်းဖြစ်ပြီး အချို့ဆိုင်များမှာ အကန့်အသတ် ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

.

Journal Download

Photo of three cats