စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီး၍ လူသတ်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့်
ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF) ၊ ဆရာစံ PDF နှင့် Young Rangers Force အဖွဲ့များက
ဩဂုတ်လ ၁၁ ရက်တွင် ပူးပေါင်း တိုက်ခိုက်ကြခြင်း ဖြစ်ပြီး ကျေးရွာအတွင်း ပိတ်မိနေသော
အရပ်သား ပြည်သူများကိုလည်း ကယ်ထုတ်ခဲ့သည်ဟု ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း က ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်က ရင်ပေါင်တိုင်ကျေးရွာကို
လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကြောင်းထိုးကာ ၁၀ နှစ်အောက် ကလေးငယ်များ အပါအဝင်
အရပ်သားပြည်သူများကို မီးရှို့ သတ်ဖြတ်ခဲ့ပြီးနောက် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
Link - https://youtu.be/VWtknkqrB30