.
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ
ကုန်းစည်းကျေးရွာကို ယနေ့ ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ တပ်များ မီးရှို့ဖျက်ဆီးမှု
ပြုလုပ်လျက်ရှိကြောင်း သိရသည်။၏
.
.ယနေ့ ဩဂုတ်လ ၂၆ ရက်၊
နံနက် ၇ နာရီခန့်မှ စတင်၍ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး သဖန်းဆိပ်ဆည်၏ အနောက်ဘက်ခြမ်းကို
ရောက်ရှိနေသည့် စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ ယမန်နေ့ ဩဂုတ်လ
၂၅ ရက်ကလည်း ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်များ၏ အစပ်ရှိ အောင်ချမ်းသာကျေးရွာကို
စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူများ ထွက်ပြေး
တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
.
ဩဂုတ် ၂၃ ရက်
နံနက်ပိုင်းက ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ မြို့နယ်များ အစပ်တွင် စစ်ကောင်စီတပ်နှင့်
ပြည်သူ့ ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား
၄၀ ကျော် သေဆုံးခဲ့၍ အရာရှိ ၃ ဦးကို အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
အဆိုပါတိုက်ပွဲအပြီးတွင်
စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ်အနီးရှိ ကျေးရွာများကို အင်အားအလုံးအရင်းနှင့် ဝင်ရောက်ပြီး
မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.