.
တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်ရုံးရှေ့တွင် ရပ်ထားသည့် မော်တော်ဆိုင်ကယ်တစ်စီး ယနေ့ ဩဂုတ်လ ၃၀
ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်က ခိုးယူခံခဲ့ရကြောင်း သိရသည်။
.
.ခိုးယူခံရသည့် ဆိုင်ကယ်မှာ
Honda Wave 110 အမျိုးအစား အစိမ်းရောင်ဖြစ်ပြီး
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး လာရောက်ထုတ်ယူသည့် အမျိုးသမီးတစ်ဦး၏
ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။
.
“ဆိုင်ကယ်အခိုးခံရတဲ့အစ်မက
ရပ်ကွက်ရုံးပေါ်မှာ ထောက်ပံ့ကြေးလာထုတ်တာပါ။ ဆိုင်ကယ်ကို ရုံးရှေ့မှာ ရပ်ထားတဲ့အချိန်
လူနှစ်ယောက် ဆိုင်ကယ်နားကပ်တာလှမ်းမြင်လို့ ထွက်ကြည့်တဲ့အချိန် မောင်းပြေးသွားတာပါ”
ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
.
ဆိုင်ကယ်ခိုးယူသွားသူများမှာ
အမျိူးသားနှစ်ဦးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်
ဆိုင်ကယ်ဖြင့်ရပ်စောင့်ကာ ခိုးယူမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေပြီး ခိုးယူသူများမှ အုပ်စုဖွဲ့စောင့်ကြည့်၍
ပိုင်ရှင်များအလစ်တွင် ခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
.