.
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်၏ လုံခြုံရေးတင်းကြပ်မှုများကြားက
ယနေ့ ဩဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်း၌ တော်လှန် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဆန္ဒပြ တော်လှန်လူငယ်များသည် ကန်တော်ကြီးအနီးရှိ လူကူးကုန်းတံတားတွင်
“အသက်ကြွေး၊ ဘဝအကြွေးတွေ ယူ ထားတာများနေပြီဖြစ်တဲ့ မင်းတိုအမှားတွေအတွက်
မင်းတိုအနောက်မှာ ငါတို့တွေ အရိပ်လို အမြဲလိုက်နေမယ်ဆိုတာ မြဲမြဲမှတ်ထားကြ။
ဘယ်သူ့သွေးက ပိုရဲလဲ တရားတဲ့ သူတွေသာနိုင်ကြေးဟေ့” ဟု ရေးသားထားသည့် စာတမ်းကို ချိတ်ဆွဲသွားခဲ့ခြင်းဖြစ်သည်။
.
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးမှုများကြားမှပင်
လူငယ်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆက်တိုက် ပြုလုပ်နေခြင်းလည်း
ဖြစ်သည်။
.