ညောင်ရွှေမြို့၌ ယမန့်နေ့ ဩဂုတ်လ
၁၅ ရက် ညပိုင်းက အမျိုးသား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များဟု ဆိုကာ
စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
.
“ ညောင်ရွှေ ရန်ကုန်ကျောင်းမှာ
YUG နဲ့ TPDF ခေါင်းဆောင်တွေ ဆိုပြီး ဖမ်းသွားတာ။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးခံရသူများမှာ ကိုကျော်ခန့်
နှင့် ကိုမြတ်မင်း တို့ ဖြစ်သည်ဟု ၎င်းထံမှ သိရသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဟုတ်/မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
.
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်
ရှမ်းတောင်ရှိ မြို့အသီးသီး၌ သာမန်ပြည်သူများကိုလည်း ယင်းကဲ့သို့ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်
အဖြစ် လည်းကောင်း၊ ထောက်ပို့ အဖွဲ့ဝင် အဖြစ်လည်းကောင်း စွပ်စွဲ၍ ဖမ်းဆီးမှုများ ပြုလုပ်လေ့
ရှိကြောင်း သိရသည်။
.