ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ် ချုပ်လုပ်သော စက်ရုံအရှေ့၌ ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် ၅/၊ ၈/၊ ၉/ တံဆိပ်ပါ အင်္ကျီများ ဝတ်ဆင်၍ ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိသည်ဟု ဆန္ဒပြ သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
.
ယင်း ဆန္ဒပြမှုကို လူငယ်များသမဂ္ဂ ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့က ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အာဏာသိမ်း စစ်တပ်နှင့် ယင်းလက်အောက်ခံ လက်ပါးစေ လုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများ ဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး (၅/ ) ၊ မကွေးတိုင်းဒေသကြီး (၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) တို့မှ ရွှေ့ပြောင်း လုပ်သားတို့အား ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု က ထုတ်ပြန်ထားသည်။