ကန့်ဘလူမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသဖြင့် PDF များက ပြန်လည်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကန့်ဘလူမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသဖြင့် PDF များက ပြန်လည်တိုက်ခိုက်

.

ကန့်ဘလူမြို့နယ်၊ မြောက်ဘက်ခြမ်းရှိ ညောင်ကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၃၀ ကျော်နှင့် ကား၊ မော်တော်ဆိုင်ကယ် အပါအဝင် အခြားသော အဖိုးတန်ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အကျအဆုံးများခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်က ဩဂုတ်လ ၂၃ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ညောင်ကုန်းကျေးရွာမှ အနောက်မြောက်ဘက်သို့ အင်အား ၆၀ ကျော်နှင့် ထွက်လာပြီး လက္ခုပင်ကျေးရွာ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိနေသည့်အတွက် ကောလင်းနှင့် ကျွန်းလှနယ်စပ် ကျေးရွာများအနေဖြင့် သတိထားသွားလာကြရန် ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က သတိပေးထားသည်။

.

အဆိုပါ ညောင်ကုန်းကျေးရွာကို မီးလာရှို့သော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း သိရသည်။

.

ထို့အပြင် ကန့်ဘလူမြို့နယ်၊ မြောက်ဘက်ခြမ်းရှိ ပင့်သာကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဩဂုတ်လ ၁၇ ရက်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats