ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား

.

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံပြီးကျေးရွာရှိ နေအိမ်အချို့ကို ယမန်နေ့ ဩဂုတ်လ ၁၀ ရက်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

.

.

ဧရာဝတီမြစ် အရှေ့ခြမ်းရှိ၊ ကျောက်ထုံးကြီးကျေးရွာကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ၂ ထပ်တိုက် ၂ လုံး၊ ပျဉ်ထောင်အိမ် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅၀ ဦးခန့်ကို ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးခဲ့သည့်တပ်မှာ ကချင်ပြည်နယ်၊ ရွှေကူအခြေစိုက် ၆၀၂ နှင့် ၅၆ တပ်များဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ကျောက်ထုံးကြီးကျေးရွာကို ထပ်မံလာရောက်ပြီး ကျေးရွာကို မီးထပ်ရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လည်း သိရသည်။

.

 

Journal Download

Photo of three cats