ရွာငံမြို့နယ်၊ နန်းခုံကျေးရွာသို့ ယနေ့ ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကား ၈ စီးဖြင့် ရောက်ရှိလာပြီးနောက် ကျေးရွာတွင် တပ်စွဲ၍ စခန်းချ နေထိုင်လျက် ရှိကြောင်း သိရသည်။
.
" ရောက်လာပြီး လူနာမည်နဲ့ ဓါတ်ပုံ ပြပြီး လူ ရှာနေတာ။ ပြတဲ့လူကလည်း ရွာမှာ မရှိဘူး၊ သိလည်း မသိကြဘူး။ အခု ရွာဦးကျောင်းမှာ တပ်စွဲနေပါတယ်။ တခြားတော့ ဘာမှ မလုပ်သေးဘူး။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ စစ်ကောင်စီတပ် ရှာဖွေသည့် ဓါတ်ပုံ ပါသူမှာ အမျိုးသား တစ်ဦး၏ ဓါတ်ပုံ ဖြစ်ပြီး ၎င်းသည် နန်းခုံကျေးရွာတွင် နေထိုင်သူ မဟုတ်ကြောင်း ၎င်းက ဆိုသည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲ နေထိုင်နေခြင်းကြောင့် ဒေသခံပြည်သူများမှာ ကြောက်ရွံ့နေကြရကြောင်း သိရသည်။