.
.
ဗမာပြည်နဲ့
ပတ္တမြားက ရှေးကတည်းက ရာဇဝင်နဲ့။ ဗမာဘုရင်များ လက်ထက်က ပြည်တန်ပတ္တမြား
ဆိုတာကြီးတွေ ပေါ်ထွက်ခဲ့ဖူးတယ်။ အဲဒီလို ပြည်တန်ပတ္တမြားကြီးတွေ ပေါ်တိုင်းလည်း
ဘုရင်တွေက သူတို့အပိုင်တွေချည်း။ နောက်ပိုင်း သိုးဆောင်းတွေ ဗမာပြည်
သိမ်းလိုက်တော့ ပတ္တမြားကြီးတွေကိစ္စ ပြတ်ပါလေရော။ သိုးဆောင်း ဘိုချုပ်တွေ
သမသွားသလိုလို၊ ဝိတိုရိယဘုရင်မကြီး အမွေဆက်ခံသလိုလိုနဲ့ ပြည်တန်တွေ အသံကို
မကြားရတော့ဘူး။ ရွှေပြည်က သဘာဝတရားနဲ့ လိုလေသေးမရှိ ပြည့်စုံတော့ ပြည်တန်ပတ္တမြားကြီးတွေ
ထွက်ချင်လည်း ထွက်ခဲ့ဖူးမှာ ပေါ့လေ။ ပုံပြင်လိုလို မှတ်နေတာ၊ အခု .. ဘိုပု
လက်ထက်ကျတော့ အဟုတ်ကို ပေါ်လာပါရောလား။
.
စင်ပေါ်တင်ထားရင် စင်လေးတဲ့ ပတ္တမြား။ လည်ပင်းဆွဲထားရင် လူမြင်မကောင်း ဇက်ညောင်းမယ့် ပတ္တမြား။ မထူးပါဘူးဆိုပြီး ရေစိမ်သောက်ရင် ဆီးခဏခဏသွားတာ အဖတ်တင်မယ့် သောက်ကျိုးနည်း ပတ္တမြားတော်ကြီး။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတယ် ပြောရမလား။
.
တလောကတွေ့လိုက်ရတယ်။ သကောင့်သားတစ်ယောက် ဘိုပုကို ပတ္တမြားကြီး လှူတဲ့အကြောင်း။ ကလပ်ပေါ်တင် ဓာတ်မီးကြီး ထိုးပြီး ပတ္တမြားကြီးကို ကြည့်နေတာများ မြင်လို့တောင် မကောင်းဘူးရယ်။ ဘယ်မြင်လို့ကောင်းပါ့မလဲ။ သူကြည့်နေတဲ့ ပတ္တမြား ဆိုတာကြီးက မြင်တဲ့လူတိုင်း မျက်လုံးထဲ ကာဘော်လစ် ဆပ်ပြာခဲကြီးလို့ပဲ ထင်နေကြ တာကိုး။ သေသေချာချာကြည့်လေ ကာဘော်လစ် ဆပ်ပြာခဲနဲ့တူလေ။ ပတ္တမြား တစ်ပွင့်ရဲ့ ကောင်းခြင်းဆိုတာ ကျောက်မျက်ကို တတ်သိနားလည်တဲ့ ပညာရှင်တွေသာ ခွဲခြားနိုင်တာမျိုး။ အကြောင်းအကျိုးနားလည်တဲ့ ကျောက်မျက်ပညာရှင်များက ပြောကြသား၊ ကာဘော်လစ် ဆပ်ပြာခဲကမှ အဝတ်လျှော်တဲ့အခါ သုံးလို့ ရဦးမယ်တဲ့။
.
စင်ပေါ်တင်ထားရင်
စင်လေးတဲ့ ပတ္တမြား။ လည်ပင်းဆွဲထားရင် လူမြင်မကောင်း ဇက်ညောင်းမယ့် ပတ္တမြား။ မထူးပါဘူးဆိုပြီး
ရေစိမ်သောက်ရင် ဆီးခဏခဏသွားတာ အဖတ်တင်မယ့် သောက်ကျိုးနည်း ပတ္တမြားတော်ကြီး။
သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတယ် ပြောရမလား။ စဉ်းစားကြည့်လေ။ တကယ်
တန်ဖိုးကြီးတဲ့ပတ္တမြားကြီးသာဆို အခုလို အစစအရာရာ ရှားပါးတဲ့ခေတ်ကာလကြီးမှာ
ဘယ်သကောင့်သားက အလကား လှူပါ့မလဲဆိုတာ။ ကိုယ်တိုင် ရောင်းစားပြန်ရင်လည်း
ကာဘော်လစ်ပတ္တမြားကြီးက ဈေးကောင်း ရစရာအကြောင်းမမြင်။ အိမ်မှာထားရင်လည်း
အိမ်လေးတာအဖတ်တင်မယ့် အတူတူ ဂျင်းထည့်ပြီး နာမည်ကောင်း ဝင်ယူတဲ့သဘော။
.
ဒါကို
လေးပေကိုးလက်မလေးက အဟုတ်တွေ ထင်နေတာ သနားဖို့တောင် ကောင်းနေသေးတယ်။ တကယ်အဖိုးထိုက်
အဖိုးတန်တဲ့ ပတ္တမြားကြီးသာဆို ဘိုပုလက်ထဲ ရောက်စရာအကြောင်းကို မမြင်ဘူး။
အိမ်နီးချင်း ကျန်ကျောင်းတို့ တိုင်းပြည်ကို ခွေးတိုးပေါက်က ထွက်သွားတာကြာပေါ့။
ကျန်ကျောင်းတို့ တိုင်းပြည်ကလည်း အားလုံးသိတဲ့အတိုင်း။ ဗမာပြည်ယောက်ျားထု
ဆီးသွားချင်ရင်တောင် သူတို့တိုင်းပြည်ဘက် လှည့်မသွားရဲကြဘူး။ ရရာဆွဲမယ် ဆိုတာချည်းလေ။ အဲဒီလို ပစ္စည်းတောင်ဈေးကောင်းပေးတဲ့
အိမ်နီးချင်းကြီး ရှိနေမှတော့ စစ်မှန်ထိုက်တန်တဲ့ ပတ္တမြားကြီးကို ဘိုပုလက်ထဲ
လှူတယ်ဆိုတာက ထမင်းစားတဲ့ လူတိုင်း သဘောက်ပေါက်နေပြီးသား။
.
ကကြိုးကကြောင်
ပြဇာတ်က အဲဒီမှာ တစ်ခန်းရပ်မလား မှတ်တယ်။ သိပ်မကြာဘူး နောက်တစ်ခု ထပ်ပေါ်လာတယ်။
ဆင်ဖြူတော်တဲ့။ အဲဒီ ဆင်ဖြူတော်ဆိုတာလည်း ဗမာဘုရင်တွေ လက်ထက်တည်းကအတော် ဇောင်း
ထခဲ့တဲ့ကိစ္စ။ ဆင်ဖြူတော်ရှိရင် ဘုရင်တွေရဲ့ဘုန်းတန်ခိုး ကြီးတယ်။ ဆင်ဖြူတော်နဲ့
စစ်ထွက်ရင် စစ်နိုင်တယ်။ ဆင်ဖြူတော်ရှိတဲ့ အရပ်ဒေသ ဆန်ရေစပါး ပေါကြွယ်ဝတယ်။
ဆင်ဖြူတော်လို့သာ ပြောနေကြတာ။ အမှန်တော့ သူ့ဟာသူ ကိုယ်ရေပြား ရောဂါဖြစ်နေတဲ့ ဆင်။
ဝဲစွဲပြီး ဖြူသလို နီသလိုနဲ့အသားအရေ မမှန်ဘဲ ကြောင်တောင်တောင် ဖြစ်နေတဲ့အမျိုး။
တကယ် ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်တွေအတွက်တော့ ရောဂါသည် ဆင်က အသုံးမှ မဝင်တာ။
.
ဆရာကြီး
ဒေါက်တာသန်းထွန်းကို နိုင်ငံခြားသတင်းဌာနတစ်ခုက ဆင်ဖြူဆင်မဲနဲ့ ပတ်သက်ပြီး
အင်တာဗျူးတစ်ခု လုပ်ရာမှာ ဆင်ဖြူဆင်မဲ ဘာကွာလဲ ဆိုတော့ ခရုသင်း စွဲနေတဲ့ဆင်လို့
ဖြေတယ်လို့ မှတ်သားဖူးပါတယ်။ ဆင်ဖြူပဲ နင်းနင်း ဆင်မဲပဲ နင်းနင်း သေမှာပဲ ဆိုသတဲ့။
ဆင်ဖြူရောက်တဲ့ အရပ် မိုးလေဝသ မှန်ကန်တယ် ဆိုတာ ဟုတ်လား ဆိုတော့ သဲကန္တာရထဲ
သွားထားကြည့်လို့ ဆိုပြန်တဲ့။ ဆင်ဖြူရှိတဲ့ အရပ် ဆန်ရေစပါး ပေါတယ်ဆိုတာကြတော့
ကိုယ်စိုက်မှ ကိုယ်စားရမှာ။ ဆင်ဖြူ အားကိုးပြီး မစိုက်ဘဲနေကြည့်
ငတ်ကုန်မှာပေါ့တဲ့။ Air Power ခေတ်မှာ ဆင်ဖြူနဲ့ စစ်ထွက်ရင်အကုန် မာလကီးယား ကုန်မှာပေါ့တဲ့။ ခရုသင်းစွဲသလို
ဝဲစွဲသလို ဆင်ကို ဆင်ဖြူတော်လုပ်ပြီး ကိုးကွယ်တာ များ ကမ္ဘာ့အံ့ဖွယ်။
.
ခက်တာက
ဘိုပုကြည့်လိုက်တော့ အရပ်က လေးပေကိုးလက်မ။ ခေါင်းပဲပါပြီး ဦးနှောက်က မွေးတည်းက
ပါမလာတော့ အကောင်းအဆိုး ဘာမှ ခွဲခြားနိုင်စွမ်း မရှိဘူးရယ်။ ကာဘော်လစ်ဆပ်ပြာခဲကြီး
ကလပ်ပေါ်တင် ပေးလိုက်လည်း ပတ္တမြားကြီးလို့ ထင်လိုက်တာပဲ။ ဝဲစွဲနေတဲ့ ဆင်ကို
ဆင်ဖြူတော် လုပ်ပြီး ပေးတော့လည်း သူ့ဘုန်းသူ့ကံလို့ အဟုတ်ကြီး ထင်နေတာ။
.
ဘုရင်ရူး ရူးနေတဲ့
အချိန်ရယ်၊ ကာဘော်လစ်ပတ္တမြားပေါ်လာတဲ့ အချိန်ရယ်၊ ဝဲစွဲတဲ့ဆင်ရယ် မြင်လုံးထဲ
မြင်ယောင်သာ ကြည့်ပါ။ ဒါမျိုးက တော်ရုံစကေးနဲ့ မရဘူး၊ ထမင်းလွတ် ဟင်းလွတ်
ရူးနိုင်မှသာလို့ ဆိုရတော့မှာ။ ဘုရင်ရူး မောင်ဘိုပု ရဲ့ ဘုန်းကံကို
စာဖွဲ့ပြီးရင်ဖြင့် တစ်စီးရှင် ကြင်စိုးကျော်စွာဘွဲ့ ထပ်မံ ပေးဖို့
အချိန်တန်ပြီဟုသာ။ ။
.
#KBZTai #8August2022
.
Link –
.