မူဆယ်မြို့နေ ပြည်သူများအား ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် မူဆယ်မြေအောက်ပျောက်ကြားအဖွဲ့ သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နေ ပြည်သူများအား ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် မူဆယ်မြေအောက်ပျောက်ကြားအဖွဲ့ သတိပေး

 .

မစ်ရှင်များ ပြုလုပ်ရာတွင် ပြည်သူများထိခိုက်မှု မရှိစေရန်အတွက် မူဆယ်မြို့နေ ပြည်သူများအား ည ၈ နာရီ နောက်ပိုင်း အပြင်ထွက်သွားလာခြင်းမပြုရန် မူဆယ်မြေအောက် ပျောက်ကြားအဖွဲ့ (Tiger Black Muse) က သတိပေးထားသည်ဟု သိရသည်။

.

.

ပြီးခဲ့သည့် ရက်ပိုင်းက မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် မစ်ရှင်တစ်ခုတွင် ပြည်သူတစ်ဦး ထိခိုက်မှုအတွက်လည်း အနူးညွတ် တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံများနှင့် နီးကပ်စွာ မနေကြရန် Tiger Black Muse က ထုတ်ပြန်ထားသည်။

.

မူဆယ်မြေအောက်ပျောက်ကြားအဖွဲ့ အနေဖြင့် ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာလိုစိတ် မရှိဘဲ စစ်ကောင်စီ ကိုသာ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ဒလန်အပြုအမူ လုပ်ဆောင်ပါက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို လုံးဝ ခွင့်လွှတ်မည်မဟုတ်ကြောင်း၊ မူဆယ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကိုလည်း သတိပေးလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မူဆယ်မြေအောက်ပျောက်ကြားအဖွဲ့သည် ဩဂုတ်လ ၁ ရက်က မူဆယ်မြို့၊ အမှတ် (၁) ဈေး မီးပွိုင့်အနီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး ဩဂုတ်လ ၂ ရက်တွင်လည်း အဆိုပါနေရာတွင်ပင် ပြည်သူ့စစ် ၂ ဦးအား ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats