သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား လိင်အသားပေး ဓါတ်ပုံ၊ ဗွီဒီယိုများ ဖြန့်ချိသည်ဟုဆိုကာ စစ်ကောင်စီက အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား လိင်အသားပေး ဓါတ်ပုံ၊ ဗွီဒီယိုများ ဖြန့်ချိသည်ဟုဆိုကာ စစ်ကောင်စီက အမှုဖွင့်

.

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား လိင်အသားပေး ဓါတ်ပုံ၊ ဗွီဒီယိုများကို အခကြေးငွေ ရယူ၍ အမေရိကန်နိုင်ငံရှိ ဝက်ဘက်ဆိုဒ်တစ်ခုထံသို့ ဖြန့်ချိသည်ဟုဆိုကာ စစ်ကောင်စီက အမှုဖွင့်ထားကြောင်း MRTV မှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

.

.

အဆိုပါ သရုပ်ဆောင်၊ မော်ဒယ် ၂ ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

.

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က) သည် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။

.

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ပြီးခဲ့သည့်လအတွင်းကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးမှတ်တမ်းရုပ်သံ ရိုက်ကူးပြီး အပြန်တွင် စစ်ကောင်စီ ၏ ခေါ်ယူစစ်ဆေးမေးမြန်းမှုကို ခံခဲ့ရသည်။

.

Journal Download

Photo of three cats