.
မြို့တော်တောင်ကြီးတွင်
ယခုရက်ပိုင်းအတွင်း အကြောင်းပြချက်မရှိဘဲ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာ
သည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
.
.တောင်ကြီးမြို့ရှိ
မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE Taunggyi) က ၂၄ နာရီ ပုံမှန်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမည်ဟု
ကြွားလုံးထုတ်ထားသော်လည်း ယခုအခါ တောင်ကြီးမြို့ပေါ်တွင် မကြာခဏ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
“အစောပိုင်းတုန်းက
မီးလာချိန် နည်းနည်းများသေးတယ်။ အခုကျတော့ နေ့လယ်လည်း မီးပျက်၊ ညလည်းမီးပျက် ဖြစ်လာတာပေါ့။
သူတို့ လက်ထက်မှာ လျှပ်စစ်မီးတောင် ပုံမှန်ရအောင် မလုပ်ပေးနိုင်တော့ ကျန်တာတွေလည်း
ကောင်းလာစရာအကြောင်း မမြင်ဘူး” ဟု တောင်ကြီးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက
ပြောသည်။
.
ထို့အတူ အခြားဒေသခံတစ်ဦးကလည်း
“တစ်နေကုန် မီးပျက်နေမှတော့ ဘာလုပ်ငန်းမှလည်း လုပ်စားလို့ မရတော့ဘူး။ မီးစက်နှိုးပြီး
အလုပ်လုပ်ရအောင်ကလည်း ခေါင်ခိုက်နေတဲ့ ဓါတ်ဆီဈေးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လုပ်ငန်းသမားတွေ
တော်တော်ကို အထိနာပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ယခင် အရပ်သားအစိုးရလက်ထက်တွင်
လျှပ်စစ်မီးဖြတ်တောက်ပါက အကြောင်းရင်းနှင့် ပြတ်တောက်မည့် အချိန်ကို အများပြည်သူ သိရှိစေရန်
လိုက်လံကြေညာပေးခဲ့ပြီး ယခုအခါ အများပြည်သူအား အသိပေးခြင်းမရှိဘဲ နေ့စဉ် အချိန် ကြာမြင့်စွာ
ပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။
.