.
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်
ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၁၅၇ ကြိမ်အထိ
ပြုလုပ်ထားပြီး အရပ်သားပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၂၉၃ ဦးအထိ သေဆုံးခဲ့ကြောင်း
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)
က ယနေ့ ဩဂုတ်လ ၁ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
.
.
PKPF ၏ စာရင်းအရ
ကရင်နီဒေသအတွင်း တိုက်ပွဲပေါင်း ၃၉၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၄၅၁
ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီယာဉ် ၅၄ စီး ပျက်စီးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့်
လက်နက် ကိုင်တပ်ဖွဲ့ဝင် ၁၄၇ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
.
ကရင်နီဒေသအတွင်း
၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်မှ စတင်၍ တိုက်ပွဲဖြစ်ပွာခဲ့ခြင်ဖြစ်ပြီး တစ်နှစ်ခွဲကာလအတွင်း
စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁၅၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လေကြောင်းအပြင်
မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မဆင်မခြင် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ
၂၅၅ ဦးနှင့် စစ်ဘေးရှောင် ၃၈ ဦး၊ စုစုပေါင်း ၂၉၃ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏ အရပ်သားများကို
ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ သိန်းနှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး
ဒေသခံပြည်သူ ၂၆၀ ဦးကိုလည်း မတရား ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် လေကြောင်းနှင့်
မြေပြင်မှ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အအုံ ၂၃ ခုနှင့် လူနေအိမ်
၁၁၃၃ လုံး ပျက်စီးခဲ့ကြောင်း PKPF က ထုတ်ပြန်ထားသည်။
.
[ Source – PKPF ]
.