ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအချို့ ယနေ့ ဩဂုတ်လ ၁၄ ရက်တွင်လည်း ထပ်မံ မီးရှို့ဖျက်ဆီးခံနေရသည်ဟု သိရသည်။
.
ရင်ပေါင်တိုင်ကျေးရွာနှင့် ပုထိုးသာကျေးရွာများရှိ အရပ်သားအပြစ်မဲ့ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံ မီးရှို့ဖျက်စီးနေပြီး လက်ရှိအချိန်ထိ မီးခိုးများ မြင်တွေနေရကြောင်း ယင်းမာပင်မြို့နယ် သတင်မှန်ပြန်ကြားရေးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။
.
ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများမှာ စစ်ကောင်စီတပ်၏ မကြာခဏ မီးရှို့ဖျက်ဆီးမှုကို ကြုံတွေ့နေရပြီး အပြစ်မဲ့ပြည်သူများလည်း ဖမ်းဆီးသတ်ဖြတ်ခံနေရကြောင်း သိရသည်။