ဆိုင်ကယ်လုယက်မှု များပြားလာသည့်အတွက် စီးနင်းသူများ သတိပြုရန်လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆိုင်ကယ်လုယက်မှု များပြားလာသည့်အတွက် စီးနင်းသူများ သတိပြုရန်လိုအပ်နေ

.

မြို့တော် တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသ အသီးသီးတွင် ဆိုင်ကယ်လုယက်မှုများ ပိုမို များပြားလာနေသည့်အတွက် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများ၊ ဆိုင်ကယ်စီးနင်းသူများနှင့် အနေဖြင့် သတိပြုရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။

.

.

ထိုသို့ ဆိုင်ကယ်လုယက်မှု အများစုမှာ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများနှင့် တစ်ခါတစ်ရံ မိမိနှင့် မသိသူများအား လမ်းကြုံခေါ်တင်လာရာမှ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျွန်တော်တို့ ဂိတ်ကတစ်ယောက် အဝေးခေါ်လို့ လိုက်သွားတာ လမ်းတစ်ဝက်ရောက်တော့ ဓါးနဲ့ထောက်ပြီး ဆိုင်ကယ်လုယူခံလိုက်ရပါတယ်” ဟု တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦးက ပြောသည်။

.

အဆိုပါလုယက်မှုများသည် အဝေးပြေးလမ်းမများပေါ်နှင့် လူအသွားအလာ ပြတ်သည့်နေရာများတွင် ဖြစ်ပွားတတ် သဖြင့် မိမိနှင့် မသိကျွမ်းသူများအား လမ်းကြုံတင်ခေါ်ခြင်းမပြုရန်နှင့် ဆိုင်ကယ်ကယ်ရီ မောင်းသူများအနေဖြင့် ခရီးဝေး ပို့ဆောင်ခြင်းပြုလုပ်ပါက သတိပြုရန်လိုအပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မော်တော်ဆိုင်ကယ် လုယက်မှု၊ ခိုးယူခံရမှုများမကြာခနဖြစ်ပွားနေပြီး လုယက်ခိုးယူသူများမှ ပုံစံမျိုးစုံဖြင့် ကျူးလွန်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

.

Journal Download

Photo of three cats