ရပ်စောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

.

ရပ်စောက်မြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး နေအိမ်များအတွင်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

.

.

ရပ်စောက်မြို့၊ ဇော်ဂျီကွေ့အနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေခြင်းဖြစ်ပြီး အိမ်တွင်းပစ္စည်းများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံက သိရသည်။

.

အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများကို ရပ်စောက်မြို့ရှိ မဇ္ဈိမအသင်းနှင့် လူမှုရေးအဖွဲ့များက ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်ကလည်း တောင်ကြီးနှင့် လွိုင်လင်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်အတူ နေအိမ်အုတ်တံတိုင်းများ၊ သစ်ပင်ကြီးများ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

 

Journal Download

Photo of three cats