တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေ



မြန်မာ-ထိုင်းနယ်စပ်ဒေသရှိ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ယမန်နေ့ သြဂုတ်လ ၁၂ ရက်က စတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

ယနေ့ သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းအထိ ရေ ပြန်မကျသေးဘဲ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောင်းရပ်ကွက်၊ ပါလျံရပ်ကွက်နှင့် မိုင်းကိုးရပ်ကွက်များတွင် ရေကြီးမှု ဆက်လက် ဖြစ်ပေါ်နေကာ မယ်ဆိုင်ချောင်းရေ အခြေအနေသည် စိုးရိမ်ရေမှတ်ထက် မြင့်တက်နေလျက် ရှိပြီး လမ်း အချို့ကို ပိတ်၍ လူမှုကူညီရေး ကယ်ဆယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

.

ကျိုင်းတုံမြို့တွင်လည်း ယနေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် လူနေအိမ်နှင့် လမ်း‌နေရာများတွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေကြောင်း သိရသည်။

.

Link – https://youtu.be/lAGPDct2O2M

Journal Download

Photo of three cats