.
စစ်ကိုင်းတိုင်း၊
ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က
မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ပေါင်းတစ်ရာကျော် ပျက်စီးခဲ့ပြီး စပါးတင်းပေါင်း ထောင်ချီ
မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီတပ်များသည်
ဩဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်းက ကောလင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ရာ
ကျေးရွာရှိ နေအိမ် ၇၅ လုံးအနက် ၇၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး စာသင်ကျောင်း ခေါင်မိုး
မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
.
အလားတူ ဩဂုတ်လ ၂၆ ရက်တွင်
ကျွန်းလှမြို့နယ်၊ ကုန်းစည်းရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ စာကြည့်တိုက်တစ်လုံး
အပါအဝင် ပြည်သူနေအိမ် ၆၂ လုံး၊ အရှေ့ကုန်းစည်းရွာတွင် ပြည်သူနေအိမ် ၅၉ လုံး မီးလောင်ပျက်စီးခဲ့ပြီး
ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စားနပ်ရိက္ခာနှင့် ကား၊ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။
.
စစ်ကောင်စီတပ်သည် မီးရှို့ပြီး
ပြန်ထွက်စဉ် ကုန်းစည်းကျေးရွာအနီး မြေပဲခင်းအတွင်း ကျေးရွာဒေသခံတစ်ဦးနှင့် အခြား ရွာသား
၂ ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့တွင်ပင်
စစ်ကောင်စီတပ်သည် တည်ပင်ဆိပ်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေနေ
ကို မသိရှိရသေးကြောင်း သိရသည်။
.
စစ်တပ်၏
စစ်ကြောင်းထိုးမီးရှိ့ဖျက်ဆီးမှုများကြောင့် ကန့်ဘလူ၊ ကျွန်းလှနှင့်
ကောလင်းနယ်စပ်ရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံ ပြည်သူ ၃ သောင်းကျော်
ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
.
Photo -
ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့
.