တောင်ကြီးတွင် စားအုံးဆီ တစ်ပိဿာကို ၄၁၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စားအုံးဆီ တစ်ပိဿာကို ၄၁၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချပေးနေ


တောင်ကြီးမြို့ပေါ်၌ ယခုရက်ပိုင်းအတွင်း စားအုံးဆီတစ်ပိဿာလျှင် ၄၁၀၀ ကျပ်နှုန်းဖြင့် လိုက်လံ ရောင်းချပေးနေကြောင်း သိရသည်။

.

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စဝ်စံထွန်းစျေး၊ အမှတ်(၅) စျေး၊ ဧရာဝတီလမ်းဆုံ၊ ဝါးပြားလမ်းဆုံနှင့်အခြားနေရာများတွင် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.


အာဏာသိမ်း စစ်ကောင်စီက စားအုံးဆီ တစ်ပိဿာလျှင် ၄၀၀၀ ကျပ် ပတ်လည်သာ သတ်မှတ်ထားသော်လည်း ပြင်ပတွင်မူ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ခန့်အထိ ပေးဝယ်နေရကြောင်း သိရသည်။

.

" အပြင်မှာက တစ်ပိဿာ ၁၀၀၀၀ လောက် ပေးဝယ်နေရတာ။ အခု ၄၁၀၀ နဲ့ လာရောင်းပေးတော့ ကျန်တဲ့ပိုက်ဆံက မီးဖိုချောင်စရိတ် နည်းနည်း ပို ထွက်လာတယ်။ လောက်တာတော့ မလောက်ဘူး၊ သူတို့ကြောင့် ဖြစ်ရတာပဲလေ။ " ဟု တောင်ကြီးမြို့ခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စက်သုံးဆီ၊ စားသုံးဆီ အပါအဝင် အခြေခံစားသောက်ကုန် စျေးနှုန်းများ အဆမတန် မြင့်တက်နေရာ ပြည်သူများမှာ စားသောက်ရေးအတွက်ပင် ခက်ခဲနေလာကြရသည်။

Journal Download

Photo of three cats