.
ကားလက်မှတ် ရောင်းချရာတွင်
ခရီးသည်များ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ရယူထားရန် အဝေးပြေး ယာဉ်လိုင်းများကို
စစ်ကောင်စီက ညွှန်ကြားထားသည်ဟု သိရသည်။
.
.စစ်ကောင်စီ၏ ညွှန်ကြားစာတွင်
ကားလက်မှတ် ရောင်းချရာ၌ ခရီးသည်၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို
ရယူပြီးမှသာ ရောင်းချရမည်ဟု ဖော်ပြထားသည်။
.
ထို့အပြင် လမ်းခုလတ်မှ
လိုက်ပါလာမည့် ခရီးသည်များကိုလည်း အလားတူ အချက်အလက်များ ကောက်ခံရမည်ဟု ညွှန်ကြားထားသည်။
.
ခရီးသည်များ ကားပေါ်တက်ရာတွင်လည်း
ဝယ်ယူထားသည့် ခုံနံပါတ်နှင့် မှတ်ပုံတင် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင် စစ်ဆေးရမည်ဟု
စစ်ကောင်စီက တင်းကြပ်ထားသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းက
ရတနာပုံတံတားရှိ စစ်ကောင်စီဂိတ်တွင် အဝေးပြေးယာဉ်ကို စစ်ဆေးချိန် ကားပေါ်တွင် လိုက်ပါ
လာသည့် PDF တပ်ဖွဲ့ဝင်များနှင့်
စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ညွှန်ကြားစာ ထွက်ပေါ် လာခြင်းဖြစ်သည်။
.