တောင်ကြီးမြို့ပေါ်ရှိ ကားဂိတ်အချို့ နယ်ဝေးသို့ ဆိုင်ကယ်တင်ဆောင်ပေးခြင်း မရှိတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ ကားဂိတ်အချို့ နယ်ဝေးသို့ ဆိုင်ကယ်တင်ဆောင်ပေးခြင်း မရှိတော့

.

မြို့တော်တောင်ကြီးရှိ အဝေးပြေးယာဉ်လိုင်းဂိတ်အချို့သည် နယ်ဝေးသို့ မော်တော်ဆိုင်ကယ် တင်ဆောင် သယ်ပို့ ပေးခြင်း မရှိတော့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်တွင် နေ့စဉ် မော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ ဖြစ်ပွားနေရာ ကားဂိတ်မှတစ်ဆင့် နယ်ဝေးသို့ လာရောက်ပို့ဆောင်သည့် ဆိုင်ကယ်များတွင် ခိုးယူခံရသည့် ဆိုင်ကယ်များ ပါလာတတ်သည့်အတွက် ဂိတ်အချို့က သယ်ယူပို့ဆောင်မှု မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။

.

“မြို့ပေါ်မှာ အခုနောက်ပိုင်း ဆိုင်ကယ်တွေ တအားပျောက်နေတော့ တချို့က ခိုးဘီးတွေကို ကိုယ်ပိုင်ဆိုင်ကယ် ပုံစံ မျိုးနဲ့ လာပို့ခိုင်းတာပေါ့။ ခိုးဘီးဖြစ်နေရင် ရတဲ့ကားခထက် ရှင်းရတဲ့ ပြဿနာက ပိုများလို့ ဂိတ်တွေက သိပ်မတင်ကြ တော့ဘူး” ဟု တောင်ကြီးမြို့ရှိ အဝေးပြေးယာဉ်လိုင်းဂိတ်မှ ဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်။

.

နယ်ဝေးသို့ မော်တော်ဆိုင်ကယ် တင်ဆောင်ပါက လိုင်စင်ပါသည့် ဆိုင်ကယ်ပင် လမ်းကြေးအများအပြား ပေးဆောင် နေရပြီး လိုင်စင်မပါသည့်ဆိုင်ကယ် ဖြစ်ပါက ပြဿနာ မကြာခဏ ဖြစ်ပွားတတ်သည့်အတွက်ကြောင့်လည်း ဂိတ် အချို့က ဆိုင်ကယ်တင်ဆောင်မှု မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ နေ့စဉ် ဖြစ်ပွားနေပြီး အများစုမှာ ပြန်လည်ရရှိခြင်း မရှိ ကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats