မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ နားကောင်းမူးမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့သို့ ယနေ့ ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် ကြွချီလာပြီ ဖြစ်ကြောင်း သိရသည်။
.
ဆရာတော်သည် ဩဂုတ်လ ၇ ရက်တွင် မိုင်းပန်မှ လင်းခေး - မိုးနဲ - နမ့်စန် ပန်လှိုင်းဆိုင် - ပင်လုံသို့ ဆက်လက်ကြွချီမည်ဟု တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က အသိပေးထားသည်။
.
ထို့နောက် ဆရာတော်သည် ပင်လုံမှ လွိုင်လင် - ကျိုင်းတုံ - တာချီလိတ် မိုင်းဖုန်းသို့ ပြန်လည် ကြွချီမည်ဟုလည်း ဆရာတော် ဦးသုခမိန္ဒ က အသိပေးထားသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်က စတင်၍ မိုင်းဆတ်မြိုနယ်အတွင်း မိုင်းကျက်ကျေးရွာအနီးရှိ မိုင်းကျက်အထက်ဂူအတွင်း ၃ နှစ်၊ ၃ လ၊ ၃ ရက် တရားကျင့်ကြံ၍ အဓိဌာန်ဝင်တော်မူခဲ့သည့် မိုင်းဖုန်းဆရာတော် သည် ဂူမှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထွက်တော်မူပြီးနောက် သာသနာပြု ခရီးစဉ်အဖြစ် ကြွချီတော်မူခြင်း ဖြစ်သည်။