တရားဝင် ငွေလဲလှယ်နှုန်းထား တစ်ဒေါ်လာ ၁၈၅၀ မှ ၂၁၀၀ ကျပ်သို့ စစ်ကောင်စီ ဗဟိုဘဏ် ပြင်ဆင်သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရားဝင် ငွေလဲလှယ်နှုန်းထား တစ်ဒေါ်လာ ၁၈၅၀ မှ ၂၁၀၀ ကျပ်သို့ စစ်ကောင်စီ ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

.

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တရားဝင် ဒေါ်လာငွေ လဲလှယ်နှုန်းထားကို ၁၈၅၀ ကျပ်မှ ၂၁၀၀ ကျပ်သို့ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း ယနေ့ ဩဂုတ်လ ၅ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

ဒေါ်လာထိန်းချုပ်မှုများကြောင့် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်ခန့် ပေါက်နေချိန်တွင် ယခုကဲ့သို့ တရားဝင် ငွေလဲလှယ်နှုန်းထားကို ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျွန်တော်တို့က ပြည်ပထွက်ဖို့အတွက် လုပ်တဲ့အခါမှာ ဟိုမှာ ရှိုးမန်းနီးပြဖို့ အနည်းဆုံး ဒေါ်လာ ၂၀၀၀ လောက် လိုပါတယ်။ အဲဒါရဖို့ အပြင်မှာလိုက်ဝယ်တဲ့အခါ ၃၅၀၀ လောက်အထိ ပေါက်ဈေးဖြစ်နေပါတယ်။ အခု ၂၁၀၀ နဲ့ သတ်မှတ်လိုက်လို့လည်း သိပ်တော့ ထူးခြားလာမှာလည်း မဟုတ်တော့ပါဘူး” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

ထို့အတူ ပို့ကုန်ရငွေ ဒေါ်လာ၏ ၆၅ ရာခိုင်နှုန်းကိုသာ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် မြန်မာငွေ လဲလှယ်ရမည် ဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်း ဒေါ်လာကို ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

.

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်း သတ်မှတ်ပြီး ပို့ကုန်ရငွေ ဒေါ်လာများ အားလုံးကို မြန်မာငွေဖြင့် လဲပေးခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအားလုံး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းများ ရပ်ဆိုင်းမည့်အခြေအနေ ဖြစ်ပေါ်ခဲ့ရသည်။

.

Journal Download

Photo of three cats