ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာ အနီး၌ တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း Karenni People Defence Force (KPDF) က ယနေ့ ဩဂုတ်လ ၆ရက်တွင် ထုတ်ပြန်သည်။

.


အဆိုပါ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၅ ရက်က စစ်ရေး လှုပ်ရှားလာစဉ် မိုင်းမိကာ ၄ ဦး သေဆုံးပြီး အလောင်းများကို ထမ်း၍ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက ၆၀ မမ များဖြင့် ထပ်မံတိုက်ခိုက်ရာ ဒဏ်ရာရသူ များပြားခဲ့ပြီး ကစဉ့်ကလျားထွက်ပြေးသွားကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.


ထို့အတူ ခရစ်ယာန် ဘုရားကျောင်းအတွင်း ပြေးဝင်တပ်စွဲလာသော စစ်ကောင်စီတပ်သားများအား KPDF အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် လက်ရှိတွင် ဒီးမော့ဆိုတွင် စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

Journal Download

Photo of three cats