.
ရန်ကုန်မြို့
တစ်နေရာတွင် ယနေ့ ဩဂုတ်လ ၆ ရက်၊ ညနေပိုင်းက ကျောင်းသားလူငယ်များ စုပေါင်း၍ ၈ လေးလုံး
ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့
ကြောင်း သိရသည်။
.
.ထိုသို့ ချီတက်ဆန္ဒပြရာတွင်
“မပြီးဆုံးသေးတဲ့ ၈ လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “ပြည်သူသာအမိ
ပြည်သူသာအဖ၊ ပြည်သူ့အကျိုးဆောင်ကြ”၊ “တော်လှန်ရေးဟာ ပြည်သူအတွက်၊ ပြည်သူဟာ
တော်လှန်ရေး အတွက်မဟုတ်” စသည့် စာသားပါ ဘန်နာများအား ကိုင်စွဲကာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းလှုပ်ရှားမှုကို
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊
ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ ကြည့်မြင်တိုင်လူငယ်များ သပိတ်ကော်မတီ (KYSC) နှင့် တာမွေမြို့နယ်သပိတ်ကော်မတီ
တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.