မူဆယ်မြို့လယ် မီးပွိုင့်အနီးတွင် ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့လယ် မီးပွိုင့်အနီးတွင် ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ

.

မူဆယ်မြို့လယ်၊ အမှတ် (၁) ဈေး မီးပွိုင့်အနီးတွင် ယနေ့ ဩဂုတ်လ ၂ ရက်၊ နေ့လယ် ၁၁ နာရီခန့်က ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

.

.

အဆိုပါ ပြည်သူ့စစ် ၂ ဦးသည် ဈေးမီးပွိုင့်အနီးတွင် ရပ်နေချိန် ဆိုင်ကယ်စီးလာသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ် သွားခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ပြည်သူ့စစ် ၂ ဦး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

အလားတူ ယမန်နေ့ သြဂုတ် ၁  ရက်နေ့လယ်ပိုင်းကလည်း ယင်းမီးပွိုင့်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂  ဦး သေဆုံးကာ ပြည်သူ့စစ်အပါအဝင် ယာဥ်ထိန်းရဲ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

.

ထို့အပြင် ယမန်နေ့ညပိုင်းတွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီမီးပွိုင့်၊ အထက (၂)‌‌ ကျောင်းအနီးဝန်းကျင်နှင့် မူဆယ်မြို့မရဲစခန်းရှေ့၊ ကောင်းမှုတုံရပ်ကွက်၊ ဖူလီလိုက်လမ်းဆုံနှင့် TOP ONE KTV ဆိုင်အနီး အပါအဝင် စွမ်စော်ရပ်ကွက်၊ စွမ်စော် (၆)လမ်းတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats