.
မြို့တော် တောင်ကြီးတွင်
ဆေးဝါးနှင့် ဆေးပစ္စည်း ဈေးနှုန်းများ နေ့စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
.
ဒေါ်လာဈေးနှုန်း မြင့်တက်မှုနှင့်အတူ
ဈေးကွက် တည်ငြိမ်မှုမရှိသည့်အတွက် အိမ်သုံးဆေးဝါးနှင့် ဆက်စပ်စ္စည်းများ ဈေးကွက်တွင်
ပြတ်လပ်သည်အထိ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ဆေးဝါး ဈေးနှုန်းများ မြင့်တက်လာခြင်း
ဖြစ်ကြောင်း သိရသည်။
.
ဆေးဝါးများ ဈေးနှုန်းမြင့်တက်လာမှုကြောင့်
ရန်ကုန်မြို့ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းလက်ကား အရောင်းဆိုင် အချို့ ပိတ်သိမ်းထားရပြီး
ဆေးဝယ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။
.
“ဆေးက ရန်ကုန်ကနေကို
ဝယ်ရခက်နေတယ်။ မစုံတော့ဘူး။ တချို့ဆိုင်တွေက မဖွင့်တော့ဘူး။ ဝယ်ရခက်တဲ့အပြင်ကို ဈေးကလည်း
အကုန် အတက်ဘက်မှာပဲ ရှိတယ်” ဟု တောင်ကြီးမြို့ပေါ်တွင် ဆေးနှင့် ဆေးပစ္စည်း ရောင်းချသူတစ်ဦး
က ပြောသည်။
.
ဆေးကုမ္ပဏီမှ
ဆေးများသည် တစ်ခေါက်လျှင် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သည့်အတွက် ပြန်လည် ရောင်းချရသည့်
ဆိုင်များအဖို့ ပစ္စည်းပြတ်၊ စျေးတတ်ဆဲဖြစ်ကာ ဆေးသိုလှောင်သည့် ကုမ္ပဏီများကလည်း ပစ္စည်းရောင်းချခြင်း
မပြုဘဲ တက်ဈေး စောင့်ဆိုင်းနေကြောင်း သိရသည်။
.
“အိမ်သုံးဆေးဝါးတောင်မှ
အခက်အခဲဖြစ်လာပြီဆိုတော့ ဆေးကို မှီခိုပြီး အသက်ဆက်နေရတဲ့ မကျန်းမာတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေအတွက်
အသက်ဆက်ဖို့တောင် ခက်လာမှာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
အိမ်သုံးဆေးတါးများကို
ပြည်ပနိုင်ငံများမှ အဓိက ဝယ်ယူတင်သွင်းနေရခြင်းဖြစ်ပြီး ယခုအခါ ဒေါ်လာဈေး မြင့်တက်
လာမှုနှင့်အတူ ပြည်ပမှ ဆေးအဝင် နည်းပါးလာမှုကြောင့် ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီနှင့်
အရောင်းဆိုင် အချို့ အရောင်းပိတ်ထားရပြီး ကျန်ဆိုင်များတွငလည်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း
သိရသည်။
.