.
မြို့တော် တောင်ကြီး
အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာနေပြီး ကုန်တင်
ယာဉ်ကြီးများ ပြေးဆွဲမှုနည်းပါးလာနေသည့်အတွက် ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်လာနိုင်ကြောင်း
ဒေသခံ များက ပြောဆိုလျက်ရှိသည်။
.
.တောင်ကြီးမြို့ပေါ်သို့
ပြေးဆွဲနေသည့် ကုန်တင်ယာဉ်လိုင်းအချို့တွင် စက်သုံးဆီဈေးနှုန်း
မြင့်တက်လာမှုကြောင့် ယာဉ်ပိုင်ရှင်များမှ ပြေးဆွဲမှုရပ်နားထားကြသည့်အတွက် ကုန်စည်စီးဆင်းမှု
ပြတ်တောက်လာနိုင်ကြောင်း ပြောဆိုမှု များ ရှိနေသည်။
.
“ယာဉ်ပိုင်ရှင်တွေအနေနဲ့က
ဆီဈေး တက်တာရယ်၊ ဂိတ်ပေါင်းစုံမှာ လမ်းကြေးပေးရတာ များတာနဲ့ ကိုယ့်အတွက် ကျန်ဖို့တောင်
မလွယ်တော့ဘူး။ တချို့အခေါက်တွေဆို လမ်းမှာပေးရတာများတော့ အရှုံးတောင် ပေါ်နိုင်လို့
ရပ်သွားတဲ့ ကားတွေ များလာတယ်” ဟု ကုန်တင်ယာဉ် မောင်းတစ်ဦးကပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း
အဝေးပြေးလမ်းမကြီးများပေါ်နှင့် မြို့အဝင်အထွက်များတွင် စစ်ဆေးရေး ဂိတ် များပြားလာပြီး
ဂိတ်တိုင်းတွင် ငွေကြေးပေးမှသာ ဖြတ်သန်းသွားနိုင်သည့်အတွက် ကုန်တင်ယာဉ်ကြီးများ အနေဖြင့်
အပိုကုန်ကျစရိတ် များပြားလာနေကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် စားသောက်ကုန် စျေးနှုန်းများ
မြင့်တက်နေပြီး ကုန်စည်ပြတ်တောက်မှု ဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာပါက
ပြည်သူအများစု ဒုက္ခတွေ့လာနိုင်သည်ဟု ပျံကျဈေးသည် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ဆန်ချော တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ် ဝန်းကျင်ခန့်၊ စားအုံးဆီတစ်ပိဿလျှင် ၁၀၀၀၀ ကျပ် ခန့်
ဝယ်ယူနေရပြီး စက်သုံးဆီ ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်လာပါက ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်
ကြောင်း မြို့ပေါ်နေ ပြည်သူများက ပြောဆိုကြသည်။
.