.
တောင်ကြီးမြို့ပေါ်တွင်
ယနေ့ ဩဂုတ်လ ၆ ရက်၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရှိ နေအိမ်
အချို့တွင် ရေကြီးရေလျှံပြီး နေအိမ်အုတ်တံတိုင်းနှင့် သံတံခါးများ ပြိုကျပျက်စီးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မိုးမှာ ည ၇ နာရီမှ
၈ နာရီခွဲဝန်းကျင်ခန့်အတွင်း ရွာသွန်းခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ ရေဆိုးထုတ်မြောင်းကြီးများ
ရေလျှံတက်ကာ နေအိမ်နှင့် လမ်းမများပေါ်သို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
.
“အခု လက်ရှိတော့ ရေက
ကျသွားပါပြီ။ ည နောက်ထပ်မရွာဖို့ပဲ ဆုတောင်းရမှာပဲ။ ရေမြောင်းဘေးနဲ့ အနိမ့်ပိုင်း နေတဲ့
သူတွေကတော့ သတိထားဖို့ လိုပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
Video - ဒေသခံ
.