.
၇၄ နှစ်မြောက် ကရင်နီအမျိုးသား
ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ယနေ့ ဩဂုတ်လ ၉ ရက်၊ နံနက်ပိုင်းက ကရင်နီ ထိန်းချုပ်နယ်မြေဖြစ်သော
တလယ်ဒူဆိုတွင် ကျင်းပခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ကရင်နီနိုင်ငံတော်အလံ
အလေးပြုခြင်း၊ ကရင်နီနိုင်ငံတော်သီချင်း သီဆိုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်နှင့်
ရဲဘော်အပေါင်းတို့အား အလေးပြုခြင်း၊ ပေးပို့လာသော သဝဏ်လွှာ ဖတ်ကြားခြင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေများကို
ရှင်းလင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကရင်နီအမျိုးသား
ခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ကရင်နီ ပြည်သူလူထုများ၊ ရဲဘော်များ စုစုပေါင်း
၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.