![]() |
[ ဓါတ်ပုံ | ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ (Cobra Colum) ] |
မြဝတီ - ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီး၌ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Cobra Colum ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ
တပ်များသည် သုံးထပ်ကွေ့အနီးရှိ ကော်ဘရာစစ်ကြောင်း လုံခြုံရေး တာဝန်ယူထားသော နေရာများသို့
ကျူးကျော်ရန် ယမန်နေ့တွင် လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် စစ်မျက်နှာ များစွာ ဖွင့်ကာ
ကျူးကျော်ထိုးစစ်ဆင်နွှဲခဲ့ရာမှ ကော်ဘရာစစ်ကြောင်းနှင့် တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲ
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ
၃ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ အမြောက်အများ ရှိခဲ့သော်လည်း အရေအတွက်ကို စီစစ် အတည်ပြုဆဲ
ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ကော်ဘရာစစ်ကြောင်းမှ စစ်သည်
၁ ဦး ကျဆုံးခဲ့ရပြီး ၃ ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.