အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပြော

.

အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က ပြောဆိုခဲ့သည်ု သိရသည်။

.

.

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် အမေရိကန်နိုင်ငံ၊ အာရှပစိဖိတ် ဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink တို့ ဩဂုတ်လ ၁ ရက်က တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံစဉ် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

တွေ့ဆုံပွဲတွင် စစ်ကောင်စီ၏ သေဒဏ်စီရင်မှုများအပေါ် အထူးအလေးပေး ဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ ဆုံးခန်းတိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ ကွပ်မျက်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရ ပါတယ်။ အများတကာ မေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်း ကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်” ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က ပြောသည်။

.

အဆိုပါ တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စု အာရှပစိဖိတ်ဗျူရို၏ Twitter စာမျက်တွင် သတင်းထုတ်ပြန်ထား သည်ကို တွေ့ရသည်။

.

Journal Download

Photo of three cats