ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသားများ သမဂ္ဂ က နိုင်ငံရေးအသိပညာ မြှင့်တင်ခြင်းသင်တန်း ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသားများ သမဂ္ဂ က နိုင်ငံရေးအသိပညာ မြှင့်တင်ခြင်းသင်တန်း ပြုလုပ်မည်


ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသားများ သမဂ္ဂ က ဦးဆောင်၍ အခြေခံနိုင်ငံရေး အသိပညာ မြှင့်တင်ခြင်း ရက်တိုသင်တန်းကို လာမည့် ရက်ပိုင်းအတွင်း ပထမဆုံး အနေဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သင်တန်းကို ဩဂုတ်လ ၂၀ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ Zoom live ဖြင့် ညနေ ၅ နာရီမှ ၇ နာရီထိ ပို့ချသွားမည် ဖြစ်ကာ သင်တန်း တက်ရောက် ပြီးမြောက်ပါက Certificate ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

.

သင်တန်းကို အကြမ်းမဖက် လူထုလှုပ်ရှားမှု အယူအဆများ၊ Why secularism matters၊ အခြေခံလူ့အခွင့်အရေး ပရင်စပယ်များ စသည့် ခေါင်းစဉ် ၃ ခုဖြင့် ပို့ချမည် ဖြစ်ကာ ခေါင်းစဉ် တစ်ခုကို ၂ ရက် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

.

အာဏာရှင် အဆက်ဆက်သည် ၎င်းတို့စိတ်ကြိုက် အုပ်ချုပ်နိုင်ရန် ဝါဒမှိုင်း အမျိုးမျိုး တိုက်၍ ကြိုပမ်းခဲ့ကြပြီး "ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရင်၊ သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်" ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း၏ စကားအတိုင်း ကျောင်းသားနှင့် နိုင်ငံရေးသည်လည်း ကင်းကွာ၍ မရကြောင်း သမဂ္ဂ၏ သင်တန်း ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

.

ခေတ်စနစ်နှင့် လိုက်၍ အခြေခံနိုင်ငံရေးအသိ ရှိမှသာ အုပ်ချုပ်သူတို့၏ ဝါဒမှိုင်းများကို ရှောင်ရှားနိုင်မည် ဖြစ်‌ကြောင်းနှင့် နိုင်ငံရေးဦးဆောင်မှု နိုင်ငံရေးရည်မှန်းချက် မရှိသော တော်လှန်ရေးသည် လုံးဝ မအောင်မြင်နိုင်ဘဲ နိုင်ငံရေးဦးဆောင်မှု ခိုင်မာစေရန်အတွက် နောက်လိုက် ပြည်သူ၊ ကျောင်းသားထုသည်လည်း အခြေခံနိုင်ငံရေး အသိရှိရန် လိုအပ်သည်ဟု ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသားများ သမဂ္ဂ က ဆိုသည်။

.

ယင်း အခြေအနေများကြောင့် ကျောင်းသားထု၏ နိုင်ငံရေးရေချိန် မြှင့်တင်ပေးနိုင်ရေးအတွက် အခြေခံနိုင်ငံရေးသင်တန်းများကို ပို့ချဆွေးနွေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။

.

သင်တန်းကို မည်သူမဆို တက်ရောက်နိုင်မည် ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် https://surveyheart.com/form/62f27c7d25cc4221724e014f တွင် စာရင်းပေးသွင်းကြရန် ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသားများ သမဂ္ဂ က မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats