.
ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်းတွင်
နေထိုင်သည့် ကယန်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌကို ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းက
အမည်မသိလက်နက်ကိုင်များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူ ကယန်းစာပေနှင့်
ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဆရာဖရန်စစ္စကိုသည် ပြောင်းခြံသွားချိန်တွင် ဆိုင်ကယ် တစ်စီးဖြင့်
လူ ၂ ဦး ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် မည်သည့်အဖွဲ့က
လာရောက်ပစ်ခတ်သည်ကို မသိရှိသေးကြောင်းနှင့် ၎င်းတို့အဖွဲ့က သတ်ဖြတ်ခြင်း မဟုတ်ကြောင်း
ဖယ်ခုံမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။
.
သေဆုံးသူ ဖရန်စစ္စကိုသည်
၂၀၁၀ ရွေးကောက်ပွဲက ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်
ရရှိခဲ့ဖူးပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်ကြောင်း
သိရသည်။
.
ဆရာဖရန်စစ္စကို
သည် ကယန်းလူမျိုးအရေး၊ စာပေ နှင့် ယဉ်ကျေးမှုအရေးတို့တွင် တက်တက်ကြွကြွပါဝင်
ဦးဆောင်သူဖြစ်ကြောင်း၊ ပညာရေး ၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းများတွင်
အမြဲပံ့ပိုးကူညီလုပ်ဆောင်ပေးသည့်
ပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် နိုင်ငံရေး ရှုပ်ထွေးနေချိန်တွင် ကယန်းစာပေနှင့်
ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌကို လုပ်ကြံ သတ်ဖြတ်ခြင်းသည် ပြဿနာဖြေရှင်းနည်း မဟုတ်ကြောင်း
ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ထုတ်ပြန် ထားသည်။
.