.
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊
မညှင်းတောင်ကျေးရွာအနီးတွင် ယမန်နေ့ ဩဂုတ်လ ၃၀ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်နှင့် ရခိုင်တပ်တော်
(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော်
ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
.
.တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုလားချောင်း၊ ကုန်တန်း၊ ပြိန်းတော၊
ညောင်ပင်လှ၊ ရေမျက်၊ သမီးလှ၊ င/စံဘော်၊ ကျောက်ရံ၊ မောင်ဖြူရွာ၊ ဗောဓိကုန်း ကျေးရွာများမှ
ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲမှာ ဩဂုတ်လ ၃၀ ရက်၊ ည ၇ နာရီကျော်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယနေ့ ဩဂုတ်လ ၃၁ ရက်၊
နံနက်ပိုင်းတွင်လည်း ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
.
အဆိုပါ ကျေးရွာများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စစ်ကောင်စီတပ်နှင့်
AA တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခန်းများတွင် ၂ နှစ်ကျော်ကြာ
ခိုလှုံခဲ့ရဖူးပြီး ၂၀၂၁ နှစ်ဆန်းပိုင်းမှသာ နေရပ်ပြန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.