ဆားလင်းကြီးမြိုနယ်၊ ပေါင်းဝရွာမှ ရိက္ခာများ သယ်ယူ၍ မုံရွာသို ပြန် ဆန်တက်လာသော စစ်ကောင်စီ အမြန်ယာဉ် တစ်စီးသည် ယမန်နေ့ သြဂုတ်လ ၉ ရက်၊ ညနေ ၆ နာရီခန့်တွင် မုံရွာမြိုနယ် ချင်းတွင်းမြစ်ကမ်း တစ်နေရာတွင် လျှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၅) Aung San Force က ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
.
တိုက်ခိုက်မှုကြောင့် အမြန်ယာဉ်ပေါ်မှ စစ်ကောင်စီ တပ်သားများ အထိအခိုက် များကြောင်း ဒေသခံ ပြည်သူအချိုက သတင်းပေးထားပြီး အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်းနှင့် စစ်ကောင်စီတပ်က အမြန်ယာဉ်ပေါ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှု တစ်စုံတရာ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
Link - https://youtu.be/ZYFk-itNFcU