.
မူဆယ်မြို့၊ မင်္ဂလာမူဆယ်အိမ်ရာအနီးတွင်
ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.မင်္ဂလာမူဆယ်အိမ်ရာ
လမ်းမပေါ်တွင် နေ့လယ် ၁ နာရီ ၄၅ မိနစ်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို
မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။
.
အဆိုပါ ပေါက်ကွဲမှုနှင့်
ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးချေ။
.
မူဆယ်မြို့တွင် သြဂုတ်
၁ ရက်နေ့လယ်ပိုင်းကလည်း အမှတ် (၁) ဈေး မီးပွိုင့်အနီး၌
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂
ဦး သေဆုံးကာ ပြည်သူ့စစ်အပါအဝင် ယာဥ်ထိန်းရဲ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို
ယင်းနေ့ ညပိုင်းကလည်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီမီးပွိုင့်၊ အထက
(၂) ကျောင်းအနီးဝန်းကျင်နှင့် မူဆယ်မြို့မရဲစခန်းရှေ့၊ ကောင်းမှုတုံရပ်ကွက်၊
ဖူလီလိုက်လမ်းဆုံနှင့် TOP ONE KTV ဆိုင်အနီး အပါအဝင် စွမ်စော်ရပ်ကွက်၊ စွမ်စော် (၆)လမ်းတို့တွင် ပေါက်ကွဲမှုများ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.