မုံရွာ-မန္တလေးကားလမ်း တစ်နေရာတွင် မိုင်းရှာထွက်လာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ Brave Heart Army (BHA) က ယမန်နေ့ ဩဂုတ်လ ၆ ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ရှေ့ထွက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး၍ အချို့ ဒဏ်ရာရသွားကြောင်း BHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။