.
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်
(ULA/AA) က ယမန်နေ့ ဩဂုတ်လ ၂ ရက်တွင် ၎င်း၏နေအိမ်၌ ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း
သိရသည်။
.
.
AA က ဒုတိယဗိုလ်မှူးကြီး
ခိုင်ပေါ်လင်း အပြင် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်ကိုပါ ဖမ်းဆီးသွားခြင်း
ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP) က ယနေ့ ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
ULA/AA သည် ယခင်ကတည်းက
ALP ခေါင်းဆောင်အချို့နှင့် ရဲဘော်များကို ဖမ်းဆီးခဲ့ဖူးပြီး
ယခုချိန်အထိ ပြန်လွှတ် ပေးခြင်းမရှိသေးကြောင်း ALP ၏ ထုတ်ပြန်ချက်အရ
သိရသည်။
.
မိမိတို့ ALP/ALA
နှင့် ULA/AA တို့သည် လူမျိုးတစ်မျိုးတည်းဖြစ်ပြီး
ပန်းတိုင်တစ်ခုတည်းကို ချီတက်နေသော အဖွဲ့အစည်းများဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်သည် ရခိုင်အမျိုးသား
စည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင် တော်လှန်ရေးအဖွဲ့အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့်
လုပ်ရပ်ဟု ရှုမြင်ကြောင်း၊ သို့အတွက် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန် အလေးနက်တောင်းဆိုကြောင်း
ALP က ထုတ်ပြန်ထားသည်။
.
ALP/AA သည် ပြီးခဲ့သည့်
ဇွန်လအတွင်းက စစ်ကောင်စီမှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သည့်
အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း
သိရသည်။
.