တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ
ခေါ်ယူ ပို့ဆောင်ပေးထားသော ဆရာ၊ ဆရာမများသည် စစ်ဘေးရှောင် ဒေသများတွင် ကလေးများအား
ပညာသင်ကြားပေးနေပြီ ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပညာ သင်ကြားပေးနေပြီ
ဖြစ်သော်လ်း အထက်တန်းပြ သင်ကြားပေးနိုင်သော ဆရာ၊ ဆရာမများ လိုအပ်လျက် ရှိနေသည့် အပြင် ပညာသင်ကြားရာတွင် မရှိမဖြစ်
လိုအပ်သော ပညာရေး အသုံးအဆောင်ပစ္စည်းများလည်း များစွာ လိုအပ်လျက်ရှိနေကြောင်း တောင်ကြီး
ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ က ယနေ့ ဩဂုတ်လ ၉ ရက်တွင် အသိပေးထားသည်။
.
“ အဓိကအားဖြင့် ကျောင်းဆောင်များ
ဆောက်လုပ်ရန်အတွက် မိုးကာများနှင့် စာသင်ရန်အတွက် ကျောက်သင်ပုန်းများ၊ စာအုပ်၊ ခဲတံများ
များစွား လိုအပ်လျက်ရှိနေပါသည်။” ဟု တောင်ကြီး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
က ဆိုသည်။
.
ပြည်သူများအနေဖြင့် စစ်ဘေးရှောင်ကလေးများ
ပညာ သင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ လှူဒါန်ပေးကြရန် နှင့် လှူဒါန်းလိုပါက Taunggyi
Education Degree College Students' Union ၏ Page messenger တွင် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း
မေတ္တာရပ်ခံထားသည်။
.